25 October 2007



ဖျက်ဆီးလို့ မရ


မင်းနာမည်ကို ကောင်းကင်ပေါ် ရေးဆွဲလိုက်တယ် လေနဲ့အတူ လွှင့်ပါးသွားခဲ့ရတယ်။
မင်းနာမည်ကို သဲပြင်ပေါ် ချရေးလိုက်တယ်
ဒီရေနဲ့အတူ မျှောပါသွားခဲ့ရတယ်။
မင်းနာမည်ကို နေရာအနှံ့ ရေးထိုးလိုက်တယ်
စည်ပင်ရဲတွေက ငါ့ကို ဒဏ်ခတ်တော့မယ်။
ကောင်လေးရေ......
မင်းနာမည်ကို ငါ့နှလုံးသားပေါ် ကမ္ဗည်းထိုးလိုက်တယ်
ကဲ... ဘယ်သူကများ လာနှောင့်ယှက်နိုင်ဦးမလဲကွယ်။