28 February 2008

နှင်းဆီများ ရဲ့အဓိပ္ပာယ်


ကိုယ့်ချစ်သူ ကိုဘာ နှင်းဆီပေးရင်ကောင်းမ လဲမသိသော ကိုကို များအတွက် ဘာအရောင် နှင်းဆီက ဘာအဓိပ္ပာယ် ဆောင်တယ် ဆိုတာ သိရအောင်လို့ပါ...

နှင်းဆီနီ(Red Rose) .........ချစ်သူကို ချစ်ခွင့်ပန်သောအခါအသင့်တော်ဆုံးပါ..."I LOVE U" ဆိုတဲ့ အဓိပ္ပာယ် ပေါ့။








ပန်းရောင်ရင့်နှင်းဆီ(Deep Pink).......တစ်ဆုံ တစ်ဦး ကိုကျေးဇူးတင်သော အနေဖြင့်ပေးသော အခါ သုံးပါတယ်..."THANK YOU" လို့ပြောတာလေ။










ပန်းရောင်နှင်းဆီ်(Regular Pink).......ပျော်ရွှင်မှုကို အဓိပ္ပာယ် ဆောင်တယ်.မင်းနဲ့ခင်မင်ရ တာပျော်ရွှင်ပါတယ် လို့ဆိုလိုချင်တာပါ။









နှင်းဆီဖြူ(White Rose).......ရိုးသားမှု, ဖြူစင်မှု ဟုအဓိပ္ပာယ် ဆောင်ပါတယ်။












ဝါရောင်နှင်းဆီ(Yellow Rose).......သူငယ်ချင်းများရဲ့ ခင်မင်မှု , ဂရုစိုက်မှု သင်္ကေတဖြစ်ပါတယ်။သူငယ်ချင်းကိုပေးဖို့ အသင့်တော်ဆုံးလက်ဆောင်ပါ။ "I Care"လို့ရိုးရိုးရှင်းရှင်းလေး ဖွင့်ဆိုချက်ပေါ့။








ခရမ်းရောင်နှင်းဆီ(Lavender Rose)........ချစ်မိသွားပြီဆိုတဲ့သင်္ကေတပါ။ ကောင်မလေးတစ်ယေက်ကို ပေးရင်တော့ မင်းကိုငါချစ်မိနေပြီလို့ ပြောလိုက်တာပါဘဲ။








နှင်းဆီနက်(Black Rose)........ကောင်မလေးကို ဘယ်တော့မှ မပေးမိပါစေနဲ့။ ကံမကောင်းခြင်း, သေးဆုံးခြင်းလို အဓိပ္ပာယ်ပါ။









နှင်းဆီပြာ(Blue Rose)........အရမ်းရှားပါး တဲ့နှင်းဆီအရောင်ပါ။ "mystery" , "attaining the impossible" သင်္ကေတဖြစ်ပါတယ်။










နှင်းဆီဖြူ နှင့် နှင်းဆီနီ (Mixture of White and Red Roses).......နှင်းဆီဖြူ နှင့် နှင်းဆီနီပန်းဆီးလေး ကိုတစ်ဆုံတစ်ယောက်ဆီ ပေးပို့ရင်တော့"May we always be together as one." လို့ဆိုလိုပါတယ်။

22 February 2008

ပိတောက်သက်သေ

တစ်ယောက် ဆို တစ်ယောက်

ပိတောက် ဆို ပိတောက်

စကားပုံလို...


တစ်နှစ်မှာ တစ်လ

တစ်လမှာ တစ်ခါသာပွင့်တဲ့

ရွှေဝါရောင် ပိတောက်!


တစ်သက်မှာ တစ်ခါ

တစ်ခါမှာ တစ်ယောက်သာချစ်တဲ့

ဖြူစင်တဲ့ အချစ်!


ဒီလို အချစ်ကိုများ

မင်းလေးက မယုံဝံ့ဘူးဆိုရင်

ရွှေဝါရောင် ပိတောက်တွေက

သက်သေခံပါ လိမ့်မယ်....

20 February 2008

.....

"ချစ်သူဆိုတာ

ငါ့သမိုင်းမှာ

အပြာရောင်အလံတစ်လက်ပဲဖြစ်တယ်။


ငြိမ်းချမ်းရေး...

လွတ်လပ်ရေး...

သူ့လက်ကလေးနဲ့ပေးရင်

...ယူချင်တယ်"


တာရာမင်းဝေ

18 February 2008

သူငယ်ချင်းများ သို့...


မတော်တဆလေး...

တို့တွေ ဆုံတွေ့...

မတော်တဆလေး...

တို့တွေ နှုတ်ဆက်လမ်းခွဲ....

နောက်ဆုံးတော့လည်း...

အရာအားလုံးဟာ ခဏတာမက်ခဲ့ကြတဲ့...

အိမ်မက်ကလေး တစ်ခုလိုပါဘဲ...

သူငယ်ချင်း တို့ရယ်....

အချိန်တွေဟာ မြန်လွန်းလှတယ်....

တို့တွေ ဘ၀လမ်းကိုလျှောက်ရတော့မယ်....

ဘယ်နေရာ ဘယ်ဆီရောက်နေ

တို့တွေရက် နေ့ရက်များကို

လွမ်းနေမိမှာ အမှန်ပါ.......

08 February 2008

အသုံးမကျ

ကောင်မလေး တစ်ယောက်

ကြည်လင်လှ အဖြေရဖို့

ကြိုးစားခဲ့သော်လည်း

ငါလုံးဝ အသုံးမကျ

အရှုံးဘ၀မှာ

ကြွေကြွေဆူဆူလှ ငါ့အသည်း

ကွဲခဲ့တယ် ဟက်တက်!!!

07 February 2008

ငါ့ရဲ့ ချစ်သူ

ချစ်သူမျက်နှာ လမင်းပမာ

ပွင့်ဖူးငုံခိုင် နှင်းဆီနှုတ်ခမ်း

သမင်မျက်လုံး ရွှန်းရွှန်းဆိုလျှက်

စင်ရော်တောင် မျက်ခုံးက

နှာတံသွယ်သွယ်လေး ပေါင်းလိုက်ရရင်ဖြင့်

ပြိုင်ဘက်ကင်း ရှုမ၀ ...

သည်ခေတ်မှာ သည်လိုဟာဖြင့်

ဤဇမ္ဗူမှာ တစ်ယောက်သာရှိပါတဲ့

ငါ့ရဲ့ ချစ်သူ ...