23 December 2007

ဆောင်းမနက်


တိမ်ရောင်က ပြုံး

နေရောင်တောင်မှ ဖုံးလို့

ချမ်းအေးတဲ့ ဟန်

မာန်ပြုရုံ အံတုမလို့

စတိုင်မကျ ဟန်တစ်ခွဲသားနှင့်

နောက်ကျ အိပ်ယာဝင်

စောစောထကာ လမ်းလျှောက်

လမ်းပျောက်တဲ့ နှင်းကြားမှာ

စူးစိုက်လို့ အသေအချာရှာ

မူးမိုက်ကာ ရုတ်တရက်မှာမှ

တွေ့လိုက်ရပါတဲ့

အိုဘယ့် အလှပအေး....

17 December 2007

ကြိုဆိုပါတယ်


တံတိုင်းတွေ ဘယ်လောက်ပင်မြင့်ပါစေ...

ဘယ်လောက်ပင် ခက်ခဲပါစေ...

ကိုသာတကယ် ထွင်းဖောက်ချင်ရင်...

မဖြစ်နိုင် ဆိုတာမရှိပါဘူး...

ရောက်အောင်သာ ကြိုးစားလာခဲ့ပါ...

ှစောင့်မျှော် ကြိုနေပါတယ်...

14 December 2007

အမေ မေတ္တာ








မေမေ...
အဝေးဆီကနေ မေ့ကိုအရမ်းလွမ်းတယ်...
ဘ၀ အတွက်ကြိုးစားဖို့ သမီး မေ့ရင်ခွင် ဆီကနေထွက်သွားပေမယ့်
စက္ကန့်တိုင်း မှာမေ့ဆီကိုပြန်လာချင်တယ်...
အခက်အခဲ တွေကြုံတွေ့လာရင်
အားပေးနှစ်သိမ့်မှုတွေ
ခွန်အားတွေ ဖြည့်ပေးမယ့်
မေရင်ခွင်ဆီ ကိုအပြေးပြန်လာချင်တယ်...

ကြည်ညိုဖွယ်၇ာ ရွှေတိဂုံ




လထိန်ထိန် သာတဲ့
လှပ တဲ့၇ှုခင်းလေးပါ...

13 December 2007

"မွေးနေ့လက်ဆောင်"


လူ့ဘ၀ထဲ ရောက်တဲ့

နေ့တစ်နေ့ အဖြစ

တို့ရဲ့မွေးနေ့ သတ်မှတ်ခဲ့

အေးမယ်ပြင် နှင်းမှုန်တွေကြား

ကမ္ဘာလောကထဲ

လူသား တစ်ယောက် ထပ်ရောက်ခဲ့

နှစ်တွေကြာတော့လဲ

ပန်းရောင် နေ့စွဲတွေရှိခဲ့ပေါ့

ဒါပေမယ့် ကြင်သူက

ဒီဇင်ဘာ နှင်းမှုန်တွေလောက်

တန်ဖိုးမထားခဲ့

တိုက်ဆိုင်စွာနဲ့ပဲ

သူခွဲခွာသွားတဲ့နေ့က

တို့၇ဲ့မွေးနေ့ပေါ့....



အချစ်ဆုံး သူငယ်ချင်းဆီမှ လက်ဆောင်poem လေးပါ...
ကျေးဇူးတင်ပါတယ် ရဲသွေး...ငါအရမ်းကြိုက်တယ်ဟာ...

12 December 2007

မင်းသိပါစေ...



ဒဏ်ရာတွေ နဲ့ထားခဲ့ရက်သူ
အပြစ်မတင်ရက်
မုန်းမေ့လို့မရ
ချစ်လျက် နဲ့ဝေးရ
ကြေကွဲစွာ ငါတစ်ယောက်ထဲ
မင်းနဲ့ အတူ၇ှိခဲ့တဲ့
အချိန်တွေကို တမ်းတရင်း
တိတ်တဆိတ် ငိုကြွေးနေသူပါ...

10 December 2007

~~~ပြန်ရချင်တယ်~~~


ပြန်ရနိုင်မလား...
ဟိုးအရင်က ငါတို့နှစ်ယောက်ရဲ့
ပျော်ရွှင်ဖွယ် အတိတ်ဘ၀တခုကိုပေါ့...
တစ်ယောက်တည်းပါဆိုတဲ့စကား
အကြိမ်ကြိမ် ကြားယောင်မိတယ်...
တားဆီးနိုင်စွမ်း မရှိ
ခံစားချက်က မျက်ရည်အဖြစ်ပြောင်းလဲ...
ချစ်လျက်နဲ့ ရက်စက်
တွယ်တာပါ လျှက်လမ်းခွဲ
နီးဆက် ခွင့်မရှိတော့တဲ့
ခါးသီးလွန်း တဲ့ဘဝ
ရှေ့ ဆက်ဖို့ ရန်ခက်တော့လဲ
လက်ရှိဘ၀တစ်ခု
ငါအတိတ်ကို ပြန်ရောက်ချင်တယ်...

08 December 2007


"ကောက်၇ိုးတစ်မျှင်သို့ မျှော်လင့်ခြင်း"

တိတ်ဆိတ် အထီးကျန် အဖော်မဲ့
ကြေကွဲ နေ့ည
ကြိုးပြတ်တဲ့ ဂီတာတစ်လုံး
သံစဉ်တွေ ကမောက်ကမ

ကန်ထဲ မြစ်ထဲ ပင်လယ်ထဲ
ပဲ့ကိုင်ရှင် မဲ့မျောပါ၇င်း
တွေ့လိုက် ရတဲ့နေရာလေး
မျှေုာ်လင့်ချက်တွေနဲ့ စောင့်ကြိုနေတယ်

အတ္တနဲ့ မာန
စွန့်လွတ်ခြင်းနဲ့ သိမ်းပိုက်ခြင်း
အားလုံး နွေးထွေးစွာ ယူငင်သွားခဲ့
စည်းတစ်ဖက်ကျော် လွန်ဆွဲပွဲ
ကြည်နုး နှစ်သိမ့်မှု့တွေ လား......