02 May 2008

လေ့ကျင့်ရေးအလယ်တန်းကျောင်း(ရန်ကင်းပညာရေးကောလိပ်) ပထမအကြိမ်စုပေါင်းအာစရိယပူဇော်ပွဲ

လေ့ကျင့်ရေးအလယ်တန်းကျောင်း(ရန်ကင်းပညာရေးကောလိပ်)ကို ၁၉၅၄ခုနှစ်မှ စတင်မျိုးစေ့ချကာ တည်ထောင်ခဲ့ပြီးနှစ်စဉ်ကျောင်းသား/ကျောင်းသူပေါင်းများစွာကိုသင်ကြားမွေးထုတ်အေးလျက်ရှိရာ၂၀၀၈ခုနှစ်ဆိုလျှင်ကျောင်းသက်တမ်း၅၅နှစ်ပြည့်မြောက်ခဲ့ပါပြီ။

ပထမအကြိမ်စုပေါင်းအာစရိယပူဇော်ပွဲကို တန်ဆောင်းမုန်းလပြည့်နေ့(၁၂-၁၁-၂၀၀၈)တွင် ကျင်းပပြုလုပ်နိုင်ရန်စီစဉ်လျက်ရှိပါသည်။ယခုအခါ ဆက်သွယ်ရသမျှ ကျောင်းသား ကျောင်းသူဟောင်းများဖြင့်စတင်ကာ ကြိုတင်ဆောင်ရွက်နိုင်သမျှတို့ကိုစတင်ဆောင်ရွက်နေကြပြီဖြစ်ပါသည်။

ရည်ရွယ်ချက်အမျိုးမျိုးဖြင့်နိုင်ငံရပ်ခြားတွင် ရောက်ရှိနေကြသောကျောင်းသား/ကျောင်းသူဟောင်းများအတွက် Yankin TTC ကျောင်းသား ကျောင်းသူဟောင်းများ၏ ကိုယ်ပိုင် website ဖြစ်သော www.yankinTTC.org တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဒီကျောင်းတော်ကြီး၏အရိပ်အောက်တွင်အတူတကွပညာဆည်းပူးခဲ့သော ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့် တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကာ ဆရာ/ဆရာမကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရ ပြန်လည်ကျေးဇူးဆပ်နိုင်ရန်အတွက် လူအား၊ လုပ်အား၊ ငွေအား၊ အကြံဥာဏ်အား၊ အဆက်အသွယ်အား တို့ဖြင့် ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။