02 May 2008

လေ့ကျင့်ရေးအလယ်တန်းကျောင်း(ရန်ကင်းပညာရေးကောလိပ်) ပထမအကြိမ်စုပေါင်းအာစရိယပူဇော်ပွဲ

လေ့ကျင့်ရေးအလယ်တန်းကျောင်း(ရန်ကင်းပညာရေးကောလိပ်)ကို ၁၉၅၄ခုနှစ်မှ စတင်မျိုးစေ့ချကာ တည်ထောင်ခဲ့ပြီးနှစ်စဉ်ကျောင်းသား/ကျောင်းသူပေါင်းများစွာကိုသင်ကြားမွေးထုတ်အေးလျက်ရှိရာ၂၀၀၈ခုနှစ်ဆိုလျှင်ကျောင်းသက်တမ်း၅၅နှစ်ပြည့်မြောက်ခဲ့ပါပြီ။

ပထမအကြိမ်စုပေါင်းအာစရိယပူဇော်ပွဲကို တန်ဆောင်းမုန်းလပြည့်နေ့(၁၂-၁၁-၂၀၀၈)တွင် ကျင်းပပြုလုပ်နိုင်ရန်စီစဉ်လျက်ရှိပါသည်။ယခုအခါ ဆက်သွယ်ရသမျှ ကျောင်းသား ကျောင်းသူဟောင်းများဖြင့်စတင်ကာ ကြိုတင်ဆောင်ရွက်နိုင်သမျှတို့ကိုစတင်ဆောင်ရွက်နေကြပြီဖြစ်ပါသည်။

ရည်ရွယ်ချက်အမျိုးမျိုးဖြင့်နိုင်ငံရပ်ခြားတွင် ရောက်ရှိနေကြသောကျောင်းသား/ကျောင်းသူဟောင်းများအတွက် Yankin TTC ကျောင်းသား ကျောင်းသူဟောင်းများ၏ ကိုယ်ပိုင် website ဖြစ်သော www.yankinTTC.org တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဒီကျောင်းတော်ကြီး၏အရိပ်အောက်တွင်အတူတကွပညာဆည်းပူးခဲ့သော ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့် တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကာ ဆရာ/ဆရာမကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရ ပြန်လည်ကျေးဇူးဆပ်နိုင်ရန်အတွက် လူအား၊ လုပ်အား၊ ငွေအား၊ အကြံဥာဏ်အား၊ အဆက်အသွယ်အား တို့ဖြင့် ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

30 April 2008

You Are My Forever Love


You Are My Forever Love

Your friendship and love,
And all the wonderful things
That they bring into my life,
Are like nothing else
I have ever known.

My heart is complete
With the love we share,
And our love grows more
Beautiful each day.

I love you,
And as long as we are together,
I have everything I need.

You are with me always...
In a smile, a memory, a feeling
Or a moment we share.

You will always be
My Forever Love

28 February 2008

နှင်းဆီများ ရဲ့အဓိပ္ပာယ်


ကိုယ့်ချစ်သူ ကိုဘာ နှင်းဆီပေးရင်ကောင်းမ လဲမသိသော ကိုကို များအတွက် ဘာအရောင် နှင်းဆီက ဘာအဓိပ္ပာယ် ဆောင်တယ် ဆိုတာ သိရအောင်လို့ပါ...

နှင်းဆီနီ(Red Rose) .........ချစ်သူကို ချစ်ခွင့်ပန်သောအခါအသင့်တော်ဆုံးပါ..."I LOVE U" ဆိုတဲ့ အဓိပ္ပာယ် ပေါ့။








ပန်းရောင်ရင့်နှင်းဆီ(Deep Pink).......တစ်ဆုံ တစ်ဦး ကိုကျေးဇူးတင်သော အနေဖြင့်ပေးသော အခါ သုံးပါတယ်..."THANK YOU" လို့ပြောတာလေ။










ပန်းရောင်နှင်းဆီ်(Regular Pink).......ပျော်ရွှင်မှုကို အဓိပ္ပာယ် ဆောင်တယ်.မင်းနဲ့ခင်မင်ရ တာပျော်ရွှင်ပါတယ် လို့ဆိုလိုချင်တာပါ။









နှင်းဆီဖြူ(White Rose).......ရိုးသားမှု, ဖြူစင်မှု ဟုအဓိပ္ပာယ် ဆောင်ပါတယ်။












ဝါရောင်နှင်းဆီ(Yellow Rose).......သူငယ်ချင်းများရဲ့ ခင်မင်မှု , ဂရုစိုက်မှု သင်္ကေတဖြစ်ပါတယ်။သူငယ်ချင်းကိုပေးဖို့ အသင့်တော်ဆုံးလက်ဆောင်ပါ။ "I Care"လို့ရိုးရိုးရှင်းရှင်းလေး ဖွင့်ဆိုချက်ပေါ့။








ခရမ်းရောင်နှင်းဆီ(Lavender Rose)........ချစ်မိသွားပြီဆိုတဲ့သင်္ကေတပါ။ ကောင်မလေးတစ်ယေက်ကို ပေးရင်တော့ မင်းကိုငါချစ်မိနေပြီလို့ ပြောလိုက်တာပါဘဲ။








နှင်းဆီနက်(Black Rose)........ကောင်မလေးကို ဘယ်တော့မှ မပေးမိပါစေနဲ့။ ကံမကောင်းခြင်း, သေးဆုံးခြင်းလို အဓိပ္ပာယ်ပါ။









နှင်းဆီပြာ(Blue Rose)........အရမ်းရှားပါး တဲ့နှင်းဆီအရောင်ပါ။ "mystery" , "attaining the impossible" သင်္ကေတဖြစ်ပါတယ်။










နှင်းဆီဖြူ နှင့် နှင်းဆီနီ (Mixture of White and Red Roses).......နှင်းဆီဖြူ နှင့် နှင်းဆီနီပန်းဆီးလေး ကိုတစ်ဆုံတစ်ယောက်ဆီ ပေးပို့ရင်တော့"May we always be together as one." လို့ဆိုလိုပါတယ်။

22 February 2008

ပိတောက်သက်သေ

တစ်ယောက် ဆို တစ်ယောက်

ပိတောက် ဆို ပိတောက်

စကားပုံလို...


တစ်နှစ်မှာ တစ်လ

တစ်လမှာ တစ်ခါသာပွင့်တဲ့

ရွှေဝါရောင် ပိတောက်!


တစ်သက်မှာ တစ်ခါ

တစ်ခါမှာ တစ်ယောက်သာချစ်တဲ့

ဖြူစင်တဲ့ အချစ်!


ဒီလို အချစ်ကိုများ

မင်းလေးက မယုံဝံ့ဘူးဆိုရင်

ရွှေဝါရောင် ပိတောက်တွေက

သက်သေခံပါ လိမ့်မယ်....

20 February 2008

.....

"ချစ်သူဆိုတာ

ငါ့သမိုင်းမှာ

အပြာရောင်အလံတစ်လက်ပဲဖြစ်တယ်။


ငြိမ်းချမ်းရေး...

လွတ်လပ်ရေး...

သူ့လက်ကလေးနဲ့ပေးရင်

...ယူချင်တယ်"


တာရာမင်းဝေ

18 February 2008

သူငယ်ချင်းများ သို့...


မတော်တဆလေး...

တို့တွေ ဆုံတွေ့...

မတော်တဆလေး...

တို့တွေ နှုတ်ဆက်လမ်းခွဲ....

နောက်ဆုံးတော့လည်း...

အရာအားလုံးဟာ ခဏတာမက်ခဲ့ကြတဲ့...

အိမ်မက်ကလေး တစ်ခုလိုပါဘဲ...

သူငယ်ချင်း တို့ရယ်....

အချိန်တွေဟာ မြန်လွန်းလှတယ်....

တို့တွေ ဘ၀လမ်းကိုလျှောက်ရတော့မယ်....

ဘယ်နေရာ ဘယ်ဆီရောက်နေ

တို့တွေရက် နေ့ရက်များကို

လွမ်းနေမိမှာ အမှန်ပါ.......

08 February 2008

အသုံးမကျ

ကောင်မလေး တစ်ယောက်

ကြည်လင်လှ အဖြေရဖို့

ကြိုးစားခဲ့သော်လည်း

ငါလုံးဝ အသုံးမကျ

အရှုံးဘ၀မှာ

ကြွေကြွေဆူဆူလှ ငါ့အသည်း

ကွဲခဲ့တယ် ဟက်တက်!!!

07 February 2008

ငါ့ရဲ့ ချစ်သူ

ချစ်သူမျက်နှာ လမင်းပမာ

ပွင့်ဖူးငုံခိုင် နှင်းဆီနှုတ်ခမ်း

သမင်မျက်လုံး ရွှန်းရွှန်းဆိုလျှက်

စင်ရော်တောင် မျက်ခုံးက

နှာတံသွယ်သွယ်လေး ပေါင်းလိုက်ရရင်ဖြင့်

ပြိုင်ဘက်ကင်း ရှုမ၀ ...

သည်ခေတ်မှာ သည်လိုဟာဖြင့်

ဤဇမ္ဗူမှာ တစ်ယောက်သာရှိပါတဲ့

ငါ့ရဲ့ ချစ်သူ ...

27 January 2008

Valentine’s Day




ဖေဖော်ဝါရီလရောက်လာပြီဆို ချစ်သူတွေ အတွက် အမှတ်တရနေ့လေးရောက်လာတော့မယ်...Valentine’s Day မှာချစ်သူအတွက်ပန်းစည်းပေးဖို့စီစဉ်ကြတယ်...ဒါဆို ပန်းလေးတွေရက်အရောင် နဲ့အဓိပ္ပာယ်ကိုသေချာသိဖို့လိုပါတယ်...

Red roses is love. It is an ideal, but unoriginal, way of telling her that you love her without saying a word
Yellow rose has a meaning of friendship
Pink rose all about happiness


နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... I'M SORRY!
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... FOREVER!
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်
နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်

Valentine’s Day ကချစ်သူများနေ့ဆိုတော့ ချစ်သူ့ အတွက်ပန်းစည်းလေးကို နှင်းဆီနီကိုရွေးချယ်ရန်အသင့်တော်ဆုံးပါ...ကို့ ချစ်သော ချစ်သူကို Valentine’s Day မှာပန်းစည်းလေးပေးရင် ရင်ထဲက စကားတွေကိုသူမကိုဖွင့်ပြောစရာမလိုဘဲ သူမသေချာစွာသိနေမှာပါ...

လာမယ့် Valentine’s Day မှာချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ...

24 January 2008

အမေ




အမေများနေ့ အတွက် အမှတ်တရ ကဗျာလေးပါ...

မေမေကိုအရမ်းလွမ်းတယ်...

21 January 2008

Free!!!


အားလုံးအ တွက်အသစ် website လေးပါ...ကြိုက်တဲ့ သီချင်းကို download လုပ်လို့ရတယ်... Register လုပ်ဖို့ပဲလိုပါတယ်...
http://www.freemyanmarvcd.com

14 January 2008

ရက်စက်သူ


အသစ်စက်စက်

ငါ့နှလုံးသားကို အသက်ဝင်အောင်လုပ်ပြီး

ရက်စက်စွာ ဒဏ်ရာတွေပေး ထားခဲ့ရက်သူကို

နာကြည်းရမလား။

မုန်းရမလား။

လွမ်းရမလား။

ငါ့နားက ထွက်သွားပေမဲ့

ငါ့နှလုံးသားက သူထွက်မသွားခဲ့ဘူး။

12 January 2008

First Love


Online Videos by Veoh.com



လူတိုင်းမှာ First LUV ဆိုတာရှိကြတာဘဲ...
First LUV ကတော့လူတိုင်းအတွက် မေ့ရန်ခက်ခဲ လိမ့်မယ်ထင် ပါတယ်...

You will always be inside my heart
Now and forever you are still the one~~~

09 January 2008

ရူးသွပ်ခြင်း

ရူးသွပ်ခြင်းရဲ့ ခြေရာတွေနောက်
ငါလျှောက်လိုက်နေမိရဲ့...

ကြိုးမညီတဲ့ ဂီတာတစ်လုံး
လှပတဲ့ သံစဉ်တွေပွင့်အံနေရဲ့...

မစဉ်းစားတတ်တဲ့ အဖြေတစ်ခုတောင်
ချက်ချင်းပေါ်လာခဲ့...

နှင်းဆီပုံလေးကိုင်းလေးက
လှပတဲ့သံစဉ်တွေ လွှတ်နေလေရဲ့...

ူဒါနဲ့များ ကောင်လေးရယ်
ရာဇ၀င်သူရဲကောင်းမလေးကို
မင်းဘေးနားထား ရက်တယ်....

04 January 2008

"ဓါတ်ပုံလေး"



မိုးလုံလေလုံ နှလုံးအိမ်ထဲမှာ

သိမ်းထားတဲ့ ဓါတ်ပုံလေး

သတိရတိုင်း ထုတ်ကြည့်မိတယ်

ကြည့်လိုက်တိုင်း ဆွေး

ငါကဓါတ်ပုံလေး ကိုငေး

ဓါတ်ပုံလေးက ငါ့ကိုငေး

ကြည့်ရင်း လွမ်းတယ်...