27 January 2008

Valentine’s Day




ဖေဖော်ဝါရီလရောက်လာပြီဆို ချစ်သူတွေ အတွက် အမှတ်တရနေ့လေးရောက်လာတော့မယ်...Valentine’s Day မှာချစ်သူအတွက်ပန်းစည်းပေးဖို့စီစဉ်ကြတယ်...ဒါဆို ပန်းလေးတွေရက်အရောင် နဲ့အဓိပ္ပာယ်ကိုသေချာသိဖို့လိုပါတယ်...

Red roses is love. It is an ideal, but unoriginal, way of telling her that you love her without saying a word
Yellow rose has a meaning of friendship
Pink rose all about happiness


နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... I'M SORRY!
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... FOREVER!
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်
နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်

Valentine’s Day ကချစ်သူများနေ့ဆိုတော့ ချစ်သူ့ အတွက်ပန်းစည်းလေးကို နှင်းဆီနီကိုရွေးချယ်ရန်အသင့်တော်ဆုံးပါ...ကို့ ချစ်သော ချစ်သူကို Valentine’s Day မှာပန်းစည်းလေးပေးရင် ရင်ထဲက စကားတွေကိုသူမကိုဖွင့်ပြောစရာမလိုဘဲ သူမသေချာစွာသိနေမှာပါ...

လာမယ့် Valentine’s Day မှာချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ...

24 January 2008

အမေ




အမေများနေ့ အတွက် အမှတ်တရ ကဗျာလေးပါ...

မေမေကိုအရမ်းလွမ်းတယ်...

21 January 2008

Free!!!


အားလုံးအ တွက်အသစ် website လေးပါ...ကြိုက်တဲ့ သီချင်းကို download လုပ်လို့ရတယ်... Register လုပ်ဖို့ပဲလိုပါတယ်...
http://www.freemyanmarvcd.com

14 January 2008

ရက်စက်သူ


အသစ်စက်စက်

ငါ့နှလုံးသားကို အသက်ဝင်အောင်လုပ်ပြီး

ရက်စက်စွာ ဒဏ်ရာတွေပေး ထားခဲ့ရက်သူကို

နာကြည်းရမလား။

မုန်းရမလား။

လွမ်းရမလား။

ငါ့နားက ထွက်သွားပေမဲ့

ငါ့နှလုံးသားက သူထွက်မသွားခဲ့ဘူး။

12 January 2008

First Love


Online Videos by Veoh.com



လူတိုင်းမှာ First LUV ဆိုတာရှိကြတာဘဲ...
First LUV ကတော့လူတိုင်းအတွက် မေ့ရန်ခက်ခဲ လိမ့်မယ်ထင် ပါတယ်...

You will always be inside my heart
Now and forever you are still the one~~~

09 January 2008

ရူးသွပ်ခြင်း

ရူးသွပ်ခြင်းရဲ့ ခြေရာတွေနောက်
ငါလျှောက်လိုက်နေမိရဲ့...

ကြိုးမညီတဲ့ ဂီတာတစ်လုံး
လှပတဲ့ သံစဉ်တွေပွင့်အံနေရဲ့...

မစဉ်းစားတတ်တဲ့ အဖြေတစ်ခုတောင်
ချက်ချင်းပေါ်လာခဲ့...

နှင်းဆီပုံလေးကိုင်းလေးက
လှပတဲ့သံစဉ်တွေ လွှတ်နေလေရဲ့...

ူဒါနဲ့များ ကောင်လေးရယ်
ရာဇ၀င်သူရဲကောင်းမလေးကို
မင်းဘေးနားထား ရက်တယ်....

04 January 2008

"ဓါတ်ပုံလေး"



မိုးလုံလေလုံ နှလုံးအိမ်ထဲမှာ

သိမ်းထားတဲ့ ဓါတ်ပုံလေး

သတိရတိုင်း ထုတ်ကြည့်မိတယ်

ကြည့်လိုက်တိုင်း ဆွေး

ငါကဓါတ်ပုံလေး ကိုငေး

ဓါတ်ပုံလေးက ငါ့ကိုငေး

ကြည့်ရင်း လွမ်းတယ်...