23 August 2009

ကောင်လေးနဲ့ကောင်မလေး

အရမ်းချစ်ကျတဲ့ ချစ်သူနှစ်ယောက်ရှိတယ်. ဘယ်လောက်ထိချစ်လဲ ဆိုတော့
သူတို့အတွဲကို ကံကြမ္မာ ကတောင် မနာလိုဖြစ်ပြီး ကောင်လေး
မှာနှလုံးရောဂါရှိခဲ့တယ် ... အဲ့ဒီနှလုံးရောဂါက နှလုံးအစားထိုးပြီး ကုသမှ
ပျောက်ကင်းနိုင်လိမ့်မယ် လို့ ဆရာဝန်တွေက မှတ်ချက်ချကြတယ် ....
ဒီလိုနဲ့သူတို့ အတွဲ အရမ်းဝမ်းနည်းကြေကွဲ ရတာပေါ့ ... ဒီလိုနဲ့နေလာရင်းနဲ့
နှလုံးအလှူရှင် ပေါ်လာတယ် ..ကောင်မလေးကအတိုင်းမသိ ၀မ်းသာခဲ့တယ်.
သူ့ချစ်သူလဲ ခဏတာ ခဏတာပျော်ရွင်ခဲ့တယ်..ဒါ့ပေမယ့် ကောင်လေးက
လက်မခံခဲ့ဘူး..ဒါကို ကောင်မလေးက လုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့
....xxx....xxxx..
အလွမ်းအဆွေးများစွာနဲ့ ကောင်မလေးကိုလူ့လောကအလယ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး
လူ့လောကထဲကနေ အပြီးထွက်ခွာသွားတော့တယ်...ကောင်မလေး က သေမတတ်ခံစားရင် အိပ်ရာ
ပေါ်မှာလဲနေတော့တာပေါ့....
ဒီအချိန်မှာ ကောင်လေးရဲ့ အမေက စာလေးတစ်စောင်ကိုင်ပြီး ကောင်မလေးအနားကို
ရောက်လာခဲ့တာပေါ့ ...ကောင်လေးအမေကပြောတယ် ဒီစာလေးဟာသူသားမသေခင်က
ရေးသွားတဲ့စာလို့ .....
ဒီလိုနဲ့ကောင်မလေးကအိပ်ယာပေါ်ကနေ လူးလှဲထပြီး စာရွက်ကိုလှမ်းယူပြီး
ဖတ်တာပေါ့.....စာကတစ်ကြောင်းလေးပါပဲ.....

"ကိုယ်ချစ်တဲ့ မင်းလေးကိုတခြားတစ်ဦးရဲ့
နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ"..တဲ့