ဆောင်းမနက်
တိမ်ရောင်က ပြုံး
နေရောင်တောင်မှ ဖုံးလို့
ချမ်းအေးတဲ့ ဟန်
မာန်ပြုရုံ အံတုမလို့
စတိုင်မကျ ဟန်တစ်ခွဲသားနှင့်
နောက်ကျ အိပ်ယာဝင်
စောစောထကာ လမ်းလျှောက်
လမ်းပျောက်တဲ့ နှင်းကြားမှာ
စူးစိုက်လို့ အသေအချာရှာ
မူးမိုက်ကာ ရုတ်တရက်မှာမှ
တွေ့လိုက်ရပါတဲ့
အိုဘယ့် အလှပအေး....
No comments:
Post a Comment